Wednesday, November 19, 2014

တွဲဖက်မစားသင့်သောအစားအစာ5မျိုး

1.ငရုပ်သီးနှင့်တရုတ်ကြီး

2.လက်ဖက်သုပ်နှင့်ဖနပ်စုတ်





3.ချင်းသုတ်နှင့်တင်းပုတ်




4.သကြားခဲနှင့်ရထားတွဲ





5.လက်သီးနှင့်နှပ်ချီး
 ဟဲဟဲ  


မစားကြနဲ့နော်

ကောင်းပါတယ်

ဟာသအသစ်မတင်အားသေးလို့ပါခင်များ

Wednesday, November 12, 2014

သူတောင်စိတ်မရှည်

အမျိုးသမီး။ ကျမကို ဟောဒီစပယ်ယာက မှတ်တိုင်မှာ ကန်ချလိုက်လို့ပါ..!!!

တရားသူကြီး။ " မောင်မင်း ဘာလို့ဒီလို လုပ်တာလဲ..."

စပယ်ယာ။ .."တရားသူကြီး စဉ်းစားကြည့်ပါ...
ဘတ်စ်ကားပေါ်မှာ သူ့ကို ကားခတောင်းပါတယ်...
သူ လက်ပွေ့အိတ်ကိုဖွင့်ပါတယ်...
လက်ကိုင်အိတ်ကိုထုတ်ပါတယ်..
လက်ပွေ့အိတ်ကို ပြန်ပိတ်ပါတယ်..
.လက်ကိုင်အိတ်ကို ဖွင့်ပါတယ်...ပတ္တာအိတ်လေး ထုတ်ပါတယ်....ပီးတော့...လက်ပွေ့အိတ်ကိုပြန်ဖွင့်ပါတယ်.
.လက်ကိုင်အိတ်တ်ကို ပြန်ထည့်ပါတယ်..
လက်ပွေ့အိတ်ကိုပြန်ပိတ်ပါတယ်..
ပတ္တာအိတ်...ကို..ကို.......ကို....."

တရားသူကြီး။ "မင်းမို့ မှတ်တိုင်ရောက်အောင်သီးခံနေတာ ငါသာဆိုဟောသလို ကန်ပစ်ပီ... .. အွန့် ဟာ...!!! @#$ "

.............ဖုန်းးးးးးးးး !!!.......

"အောင် မ ..ငီးးးးးးး တော့..!!! "

အော်....စားထားနှင်.ပြီးရော

လင်မယားနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အလွန် စိတ်တိုနေကြသည်။

ယောင်္ကျားဖြစ်သူသည် အလုပ်မှ အိမ်သို့ နေ့စဉ် နေ့လည်စာပြန်စားလေ့ ရှိသည်။

နေ့လည်ခင်းသို့ ရောက်သောအခါ ယောင်္ကျားဖြစ်သူက အလုပ်မှနေ၍ မိန်းမဖြစ်သူဆီကို ဖုန်းဆက်ကာ မေးသည်။

ယောင်္ကျား ။ ။ "ဒီနေ့ ဘာ ဟင်းလဲဟေ့".....
မိန်းမ ။ ။ "အဆိပ်"
ယောင်္ကျား ။ ။ "အေး... ကောင်းတယ်။ မင်း ငါ့ကို ထမင်းစား စောင့်မနေနဲ့တော့။ အရင်စားထားနှင့်လိုက်"

ကြောက်လိုက်တာ

ည၁၀နာရီခန့်တွင်အမျိုးသမီးတစ်ယောက်ပန်းခြံကိုဖြတ်ကာ လမ်းလျှောက်လာသည်။ ရုတ်တရက်အမိန့်ပေးသံကြားရသည်။
"ရပ်လိုက်စမ်း" အမျိုးသမီးတုံ့ခနဲရပ်သွားသည်။
"မှောက်လိုက်စမ်း" အမျိုးသမီးမြေပေါမှောက်လိုက်သည်။
"တွားသွားစမ်း" အမျိုးသမီးတွားသွားသည်၊ ထိုတွင် မိမိ၏နားနားတွင်ကပ်
ကာစိုးရိမ်စွာ မေးသံကိုကြားရသည်။
"ဒီမှာခင်ဗျာ၊ ခင်ဗျားနေမကောင်းဘူးလားဟင်၊ ကျွန်တော်ဘာကူပေးရမလဲ၊
ကျွန်တော် ကျွန်တော့်ခွေးနဲ့ကစားနေတာ၊ ခင်ဗျားတွားသွားနေတာတွေ့လို့
တစ်ခုခုများဖြစ်သလားလို့မေးတာပါ"

အိပ်မယ်ထဲမှာ

"မင်းမိန်းမကို ငါအိပ်မက်မက်တယ်"
"ဟေ……ဟုတ်လား သူကဘာပြောသလဲ"
"တစ်ခွန်းမှ မပြောဘူး"
"ဒါဆို မင်းမှားပြီ ငါ့မိန်းမလုံးဝမဖြစ်နှိုင်ဘူး"

ဘာဖြစ်မယ်ထင်သလဲ

"ခင်ဗျားနားရွက် ဘယ်ဖက်ကိုဖြစ်လိုက်ရင်ဘာဖြစ်မယ်ထင်သလဲ"
စိတ်ရောဂါကုဆရာဝန်က လူနာအားမေးလိုက်၏။
    "ကျွန်တော်ဘယ်ကြားရတော့မလဲဆရာ"
    "ဟုတ်ပြီ၊ ဒါဆိုညာဘက်ပါထပ်ဖြတ်လိုက်မယ်ဆိုရင်ကောဗျာ"
    "ကျွန်တော် မမြင်ရတော့ဘူး"
    "ဘာလို့လဲ"
     "ဆရာကလည်း ကျွန်တော့်မျက်မှန် ဘယ်မှာချိတ်လို့မလဲ"

ကွားလိုက်ပုံက

ငါအဖေလုပ်ထားတဲ့ စာခြောက်ရုပ်က ဘယ်လောက်ကောင်းသလဲဆိုရင် တိုလယ်ရဲ့
သုံးမိုင်အတွင်းမှာ ဌက်တစ်ကောင်တစ်လေတောင် လာမနားဘူး
ဒါလား ဘာဟုတ်သေးလို့လဲ၊ ငါ့ဦးလေး စာခြောက်ရုပ်ကမှသည့်ထက်တောင်ကောင်းတာ၊
ဌက်တွေဆိုမနှစ်ကချီသွားတဲ့စပါးနှံတွေတောင် ပြန်လာပြီးထားရတယ်လေ……

ကောင်းရော ကောင်းရော

ဆေးကျောင်းတခုတွင် ဖြစ်သည်..
ဆရာပေါက် ၂ ယောက် က ကျောင်း သား ကျောင်း သူ များ အား စာမေး ပွဲ စစ်နေသည်..
ဆရာပေါက်စ ၂ ယောက် က ခွက် ပုံး ကစ် ရင်း စစ် နေ ကြခြင်းဖြစ် သည်...
စစ် တဲ့ ပုံ စံ က တော့... ကြွတ်ကြွတ် အိပ်လေး တခု စီထဲ မှာ. လူ့ ကိုယ် တွင်း မှာ ရှိတဲ့.. အင်္ဂါ အစိတ် အပိုင်း တ ခု စီထည့် ထား သည်... ပြီး တော့.
ကျောင်း သား၊ ကျောင်း သူများက မိ မိ စိတ် ကြိုက် အိပ်ကို ရွေး ချယ် ကြီး..
ထို အစိတ်အပိုင်း သည် ဘာ ဖြစ် တယ်.. ဘယ် လို အလုပ် လုပ် တယ် ဆို တာ ကို ဖြေ ဆို ရမှာ ဖြစ် ပါတယ်..
အဲ ဒီလိုနဲ့..
ကျောင်း သား ကျောင်း သူ တွေ ဖြေဆို သွား လိုက် ကြတာ..
ကျေားင်းသူလေး တ ယောက် အလှည့် ကြတော့....
ကျွတ်ကျွတ် အိပ်ကို စမ်း ကြည့်ပြီး...
မျက်လုံး.. ပြူး မျက်စံ ပြူး နဲ့..
"ဟင် .. ဟင်.. ဒါ....ဒါ ... ဒါ .. ၀က် အူချောင်း...၀က် အူ ချောင်း" ..
လို့ ပြော ပါတယ်..
အဲဒီမှာ ဆရာ ၂ ယောက် က...
"သမီး ဒါ စာမေး ပွဲစစ် တာ လေ...သေချာစဉ်းစား သမီး... "
"သမီး မှာ chance ရှိ တယ် စဉ်းစား လို့ ရသေးတယ် "... လို့ ပြောပါတယ်..
အဲဒီမှာ.. ကျောင်းသူ လေး က...
"မ.. မဟုတ်ဘူး.. ဒါ ၀က်အူချောင်း မှ ၀က် အူချောင်း အစစ်.." လို့.. ပြောပါတယ်.
ထို အခါ ဆရာကလည်း.
"မဟုတ်သေးဘူးလေ သမီး... ဒါလူ့ ကိုယ် အင်္ဂါ အစိတ် အပိုင်း တွေ.. လေ"
"ဘယ်လို လုပ် ၀က် အူချောင်း ပါမှာလည်း... သေသေ ချာချာစဉ်းစား သမီး"
"ပြီးတော့ သမီးက ဆရာဝန်လုပ်မှာလေ.. မရှက် ရဘူး..." လို့ ပြော သတဲ့..
ကျောင်း သူလေး က လည်း..
"မဟုတ်ဘူး သမီး သိ တယ် ဒါ ၀က် အူချောင်း မှ ၀က် အူချောင်း အစစ်.."
ထိုအခါ ဆရာ ၂ ယောက် မှာ မနေသာတော့ပဲ.
"ကဲ ဒါဆို ဖွင့် ကြည့် ကြရအောင်" ဆို ပြီး ဖွင့် ကြည့်လိုက် တဲ့ အခါ...
တ ကယ် ပဲ.. ၀က် အူ ချောင်း ကြီး ထွက်လာ သတဲ့.....
ထို အခါ ဆရာ တစ် ယောက် ပြောလိုက် ပုံ က..
"ဟာ .. ခွီး တဲ့ မှ ပဲ... ငါ တို့.. ၀က် အူ ချောင်း နဲ့ မှား မြည်း မိပြီ"...တဲ့..

တော်သေးတာပေါ့

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။

-အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့ ကလေးဆိုတာ။


- ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။
ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။
- တော်သေးတာပေါ့ ... ကျန်တဲ့ သုံးယောက်ကို မေးမသွားလို့......

နိုင်ငံခြားဘာသာ

မိတ်ဆွေများဖြစ်ကြသော ခွေးနှစ်ကောင် လမ်းမှာ ဆုံကြရာ အပြန်အလှန် နှုတ်ဆက်ကြသည်။
"၀ုတ်၊ ၀ုတ်၊ ၀ုတ်"
"အောက်အီအီးအွတ်"
"မင်းနှုတ်ဆက်တာ တစ်မျိုးကြီးပါလား"
"မင်း တော်တော်အတဲ့ အကောင်ပဲ၊ ငါ နိုင်ငံခြားဘာသာ သင်နေတာလေ"

ထိတော့ထိတယ်

ဖြတ်ပြေးသွားသော သားကောင်ကို မုဆိုးကြီး ဦးဖြိုး နှစ်လုံးပြူးဖြင့် ပစ်ချလိုက်သည်။ ထို့နောက် မိမိ၏ တပည့်ကို ပြောသည်။"ဟေ့ကောင်၊ သွားကြည့်စမ်း၊ ငါ ပစ်ချလိုက်တဲ့အကောင် ဘာကောင်လဲဆိုတာ"မကြာမီ တပည့်ဖြစ်သူ ပြန်ရောက်လာပြီး ပြောသည်။"သူ့ရဲ့ မှတ်ပုံတင်အရ သူ့နာမည် မောင်မြလို့ ခေါ်တယ်"

လယ်ပါတယ်

မေမေ "Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်"

Aries "ဟုတ်ကဲ့ပါ မေမေ"

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး "မေမေ... မေမေ ဒီနေ့ အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်"

မေမေက စိတ်တိုပြီး "စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?"

Aries "သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ ဒါန်းစီးတာပါ"

သေလိုက်ပါတော့ကွာ

အမေနဲ့သမီး ရေကူးကန်မှာ ရေသွားကူးတယ်။ ရေကူးဖို့ သမီးရေကန်ထဲခုန်ချချိန်
ရေကူးဝတ်စုံ မတော်တဆ ချုပ်ရိုးကွဲသွားတယ်။ ဒါကို အမေက ရေကူးကန်ဘေးမှာ
ထောင်ထားတဲ့ဆိုင်းပုဒ်ကို အမြန်ယူပြီး ကွယ်ပေးလိုက်တယ်။ ဆိုင်းပုဒ်ပေါ်မှာရေးထားတဲ့
"အန္တရာယ်ရှိသည်။ အနက် ၂မီတာ ကျွမ်းကျင်သူများသာ" ဆိုတဲ့စာကြောင့်
လူတွေပြုံးစိစိဖြစ်ကုန်ကြတယ်။
ဒါကိုအမေတွေ့တော့ ဆိုင်းပုဒ်ကို တစ်ဖက်အမြန်လှည့်လိုက်တယ်။ ဆိုင်းပုဒ်နောက်မှာ
ရေးထားတာက "အမျိုးသားသီးသန့်၊ အထဲမဝင်ခင် အကျီင်္ချွတ်ပါ" ဆိုတာဖြစ်တယ်။

ကယောင်ကတမ်းနဲ့အမေ နောက်ဆိုင်းပုဒ်တစ်ခုယူပြီး သမီးကိုကွယ်ပေးလိုက်တယ်။
ဆိုင်းပုဒ်ပေါ်က "လူကြီး ၁ဝဝ၊ ကလေး ၅ဝ၊ အယောက်၂ဝအထက် အထူးလျော့ဈေး"
ဆိုတဲ့စာကြောင့် လူတွေ ရယ်ကျဲကျဲဖြစ်ကုန်ကြတယ်။ နောက်ဆိုင်းပုဒ်တစ်ခုကို အမေ
ယူလိုက်တယ်။ အဲဒီဆိုင်းပုဒ်ကြောင့် အမေ မူးလဲမတတ်ဖြစ်သွားတယ်။
ဆိုင်းပုဒ်ပေါ်ရေးထားတာက "မနက်၉နာရီမှ ည၁ဝနာရီထိ၊ အများသုံးနေရာဖြစ်သောကြောင့်
သန့်ရှင်းမှုကို ဦးစားပေးပါ" ဆိုတာကြောင့်ဖြစ်တယ်။

လူတွေ ရယ်ကျဲကျဲဖြစ်ကုန်တာကြောင့် အမေ နောက်ဆိုင်းပုဒ်တစ်ခုကို ယူလိုက်ပြန်တယ်။
ဒီဆိုင်းပုဒ်ကြောင့် အမေမူးလဲသွားတယ်။ လူတွေ ဝါးလုံးကွဲရယ်ကြတော့တယ်။
ဆိုင်းပုဒ်ပေါ်မှာ
ရေးထားတာက "အမွေးအမျှင်များ ပိတ်ဆို့မှုမဖြစ်စေရန်၊ နောက်လူများ
အသုံးပြုအဆင်ပြေစေရန်၊ အသုံးပြုနေစဉ်အတွင်း ဦးထုပ်ဆောင်းပါ" ဆိုတာပဲဖြစ်တယ်။

အမြန်ဆုံးပဲ

ကျောင်းသားသုံးယောက် မုန့်စားလွှတ်ချိန်တွင် ကိုယ့်အဖေအကြောင်း အပြိုင်အဆိုင် ကြွားလုံးထုတ်နေကြသည်။
ပထမကျောင်းသား - ငါ့အဖေက သိပ်အပြေးသန်တာ။ မြားတစ်စင်းပစ်လိုက်တာနဲ့ စပြေးတာ၊ မြားထက်အရင် ပန်းဝင်တယ်။
ဒုတိယကျောင်းသား - ဒါများကွာ၊ ငါ့အဖေဆို ကျည်ဆန်ထက်တောင် မြန်အောင် ပြေးနိုင်သေးတယ်။
တတိယကျောင်းသား - ဒါဆိုရင် ငါ့အဖေကိုတော့ ဘယ်သူမှ မီမှာမဟုတ်ဘူး။ သူ့ရုံးက ၄ နာရီ ဆင်းတယ်။ သူက အိမ်ကို ၃ နာရီ ၄၅ ဆို ပြန်ရောက်ပြီ။

အရှက်ကြီးတတ်ပုံက

ဝင်ဒီက ပျော်ပွဲစားထွက်ခဲ့သည့်အကြောင်း ယောက်ျားကို ပြောပြသည်။
"ပင်လယ်ကမ်းခြေကို ခရီးထွက်ရတာ တော်တော်ပျော်စရာကောင်းတာပဲ။ ဒါပေမယ့် ဒီပျော်ရွှင်မှုတွေ တာရှည်မခံလိုက်ဘူး"
ယောက်ျားလုပ်သူက ထိတ်ထိတ်ပျာပျာဖြစ်သွားပြီး "ဘာတွေဖြစ်သေးလို့လဲ"
ဝင်ဒီက "ကျွန်မ ရေဆင်းကူးတာ ရေကူးရင်း အောက်ပိုင်းအ၀တ် ကျွတ်သွားတယ်"
ယောက်ျားလုပ်သူက "ဘုရားရေ… ဒါဖြင့် မင်းဘယ်လို ဖြေရှင်းလိုက်လဲ"
ဝင်ဒီက "ကျွန်မလို အရှက်ကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့ ဘာလုပ်မယ်လို့ ရှင်ထင်လဲ။ ရှက်လွန်းလို့ မျက်နှာကို လက်ဝါးနဲ့အုပ်ပြီး ဘန်ဂလိုအထိ တစ်ချိုးတည်း ပြန်ပြေးလာခဲ့ရတာပေါ့။"

လူလည်ပဲကွ

ဟိုး....ရှေ့ရှေ့တုန်းကပေါ့ တောင်ပေါ်ရွာလေးက

ကရင်တစ်ရောက်ဟာ......မြို့ပေါ်က ဘုရားပွဲကို သွားလည်တာပေါ့.....

သူစိတ်ထဲမှာတွေထားတာက သူ့ကိုတောသားလို့ မထင်ခံရအောင် နေမယ်ပေါ့.....

ဘာဖြစ်လို့လဲဆိုတော့ တောင်ပေါ်က သူ့ရွာလေးမှာက သူကလူတွင်ကျယ်ကို

တစ်မျိုးပြောရရင် လူလည်ကြီးပေါ့ဗျာ........ တောင်ပေါ်နဲ့ မြို့နဲ့ကသွားရေး

လာရေးက ခြေလျှင် လျှောက်ရတာပေါ့...... မိုးကလည်း ချုပ်နေတာဆိုတော့

သဲသဲကွဲကွဲ မမြင်ရဘူးလေ.... အဲဒါနဲ့ မြို့ထဲက ပွဲခင်းနားရောက်ခါနီးမှာ

ရွှံ့လိုလို ဘာလိုလို ဟာလေတစ်ခု သူနင်းမိ မလိုဖြစ်သွားတယ်. ဒါနဲ့သူက “

အမလေး....လေး... တော်သေးလို့ နင်းမိတော့မလို့” ဆိုပြီး လက်နဲ့တို့ပြီး

နမ်းကြည့် လိုက်တော့ ရွှံ့လိုလို၊ ချီးလိုလို ဖြစ်နေတာနဲ့

လျှာနဲ့တို့ကြည့်လိုက်တယ်..... ဘာလဲဆိုတာသူသိသွားတယ်....“ဟ...

ချီးတွေဟ....ကံကောင်းလို့ နင်းမိတော့မလို့....နို့မဟုတ်


ရင်

မလွယ်ဘူး...တော်သေးတယ်..ငါလူလည်

မို့”တဲ့.....

"ဂုဏ်ယူသော မွန်မိခင်"

မွန်အမျိုးသမီးကြီးတစ်ဦး သူ့သမီးမြန်မာလိုရော..အင်္ဂလိပ်လိုရော..မွန်လိုရော မွှတ်နေအောင်တက်တယ်ဆိုတာကိုလူကြားသူကြားထဲအားရ၀မ်းသာ ကြွားလိုက်ပုံကား..
ကျွန်မသမီးက မြန်မာလိုးရော..အင်္ဂလိပ်လိုးရော..တက်တယ်..။မွန်လိုးဆိုရင် "ဖွတ်ဖွတ်ကျေ"ပဲတဲ့ဗျာ..။

"ဖေါက်သည်"

တစ်ခါက..ပြည့်တန်ဆာမတစ်ယောက်ဟာပြည့်တန်ဆာမှုနဲ့တရားရုံးတစ်ခုကိုရောက်လာတယ်..တရား
ခွင်မှာတရားသူကြီးက.."ဟဲ့..တရားခံမ နင့်နာမည် ဘယ်လိုခေါ်သလဲ" လို့မေးလိုက်တဲ့အခါမှာ..တရားခံ
မဖြေလိုက်ပုံကား.."ဦး ကလဲသိရဲ့သားနဲ့"တဲ့..။

ဟင့်အင်းလို့ ပြောပါ

တစ်ခါကကောင်မလေးတစ်ယောက်ဆရာဝန်ဆီရောက်လာပါတယ်
ကောင်မလေး၊         ၊ ဆရာကျွန်မကိုယ်ဝန်မရှိအောင်ဘယ်လိုလုပ်ရမလဲဆရာ
ဆရာဝန်      ၊         ၊ဒါကလွယ်ပါတယ် ဟင့်အင်းလို့ ပြောလိုက်ပါ

Grace Kothar ရဲ့ဟာသများဖြစ်ပါတယ်ခင်များ

အားလုံးအားပေးနိုင်ပါတယ်ခင်များ အားလုံးအတွက် ရယ်စရာလေးဖြစ်ပြီး ဘ၀အမောတွေပြေပျောက်စေဖို့ ရည်ရွယ်ပါတယ်ခင်များ